Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
"နွယ်သိင်္ဂ္ဂီ" သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်၊ ဆီ၊ သီလရှင်ဝတ်စုံနှင့် ဗလာစာအုပ်များ စုပေါင်းလှူဒါန်း
Aug 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက "နွယ်သိင်္ဂ္ဂီ" သီလရှင်စာသင်တိုက်သို့ ဆွမ်း၊ ဆန်၊ ဆီ၊ သီလရှင်ဝတ်စုံနှင့် ဗလာစာအုပ်များ လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ ခေတ်မီစံပြကျေးရွာ(SMART Village)ထူထောင်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ခေတ်မီစံပြကျေးရွာ(Smart Village) ထူထောင်ရေးစီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စကုမြို့၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲကြရေး ကြည့်ရှုစစ်ဆေး
Aug 29,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းအောင် သုံးစွဲကြစေရန် ရည်ရွယ်၍ စကုမြို့စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ ထုတ်ပိုး၍ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign ကို ယမန်နေ့ နံနက်(၉) နာရီက စကုမြို့မဈေးအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေဘေးအန္တရာယ်အကြောင်း အသိပညာပေး “Talk Show” ပြုလုပ်
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ရေဘေးအန္တရာယ် အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့ ပြန်လည်ရွေးချယ်ဖွဲ့စည်း
Aug 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့ ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ ကလေးသူငယ်အခွင့်အရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေးဟောပြော
Aug 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် အမှတ်(၄၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်း၊ မြို့နယ်ဥပဒေရုံးမှ ကလေးသူငယ်အခွင့်အရေးများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးအန္တရာယ်စသည့် ဟောပြောခြင်းများကို ယမန်နေ့နေ့လယ် ၁၃း၀၀ နာရီအချိန်ကစ၍ ဗဟန်းမြို့နယ်အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းနှင့် ကောင်းထက်ကျော်ကိုယ်ပိုင်ကျောင်းတို့၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား အမြန်ဆုံးပြန်လည်စိုက်ပျိုးကြရန်တိုက်တွန်း၊ မျိုးစပါးနှ…
Aug 29,2023
ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား အမြန်ဆုံးပြန်လည်စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားပြီး မျိုးစပါးနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9632
Page
9633
Page
9634
Page
9635
Current page
9636
Page
9637
Page
9638
Page
9639
Page
9640
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department