အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2023
ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 31,2023
၂၀၂၃-၂၀၂၄ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ ပညာပေး သင်တန်း ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်း တင်ပြသည့် အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန့်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။
Aug 31,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဩဂုတ်လ ၂၉ ရက် နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးက အခမ်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ်ရဲ့ မျိုးဆက်သစ် ကလေးငယ်များငယ်ရွယ်စဉ်မှစ၍ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်မြင့်မားသည့် ကလေးငယ်များဖြစ်စေရေး၊ မိခင်လောင်းများ ကိုယ်ဝန်ဆောင်စဉ်မှစ၍ ကျန်းမာရေးဗဟုသုတများပြည့်စုံမှသာ မွေးဖွားလာမည့်ကလေးများအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ မိခင်လောင်းများနှင့် ကလေးငယ်များအနေဖြင့် အစာအုပ်စု(၃)စုကို ညီညွတ်မျှတစွာ စားသောက်တတ်စေဖို့ အသိပညာပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
Aug 31,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ မြို့နယ်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Aug 31,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မိုင်းယောင်း-မိုင်းဖြတ်လမ်းမကြီး၌ တာဝန်ရှိသူများက ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့သည်။
Aug 31,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Aug 31,2023
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ပြောင်မြောက်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ် ၂၉ ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
Aug 31,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စွန့်ပစ်အမှိုက်သရိုက်များ သိမ်းဆည်းခြင်းနှင့် လမ်းဘေး(ဝဲ၊ ယာ)ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။