အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက်ပိုင်းက ကားကြီးဝန်းရှေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ပလတ်စတစ်ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့မစျေး၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တေဇစက္ကီဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ မဟာမြတ်မုနိကိုယ်ပွားရုပ်ပွားတော်မြတ်ကြီးနှင့် ရုပ်ပွားတော်​လေးဆူတို့အား ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် ဘဒ္ဒန္တဝိဇယ (မဟာကမ္မဌာနာစရိယ)၏ သက်တော်(၉၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Feb 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ (၄) ရပ်ကွက်ရှိ သာသနဝေပုလ္လကာရီ တောရကျောင်းတိုက်တွင် ပထမအကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျောင်းဝင်းအတွင်းရှိ ပဌာန်းမဏ္ဍပ်တွင် ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယအကြိမ်မြောက် စုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ တပို့တွဲလပြည့်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ချင်း တွင်းခန်းမအနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Feb 26,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့်ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနတာ၀န်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ယနေ့နံနက် ၁၀ နာရီက အောင်ချမ်းသာရပ်ကွက်နေ ပြည်သူများသို့ စားဆီများလျှော့ဈေးဖြင့် ရောင်းချပေးခဲ့သည်။