ကျောက်တန်းမြို့၌ ပထမဆုံးအကြိမ် ထမနဲထိုးပြိုင်ပွဲ ကျင်းပ

ကျောက်တန်း ဖေဖော်၀ါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၁၃၈၅-ခုနှစ်(၂၀၂၄- ခုနှစ်) “ပထမအကြိမ် ထမနဲထိုး”ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ(၄)နာရီခွဲအချိန်က အနောက်ပိုင်းရပ်ကွက်၊ ရေလယ်ဘုရားလမ်းရှိ ရေလယ်ဘုရား ကားပါကင်ဝန်းအတွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ပထမအကြိမ်ထမနဲထိုးပြိုင်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် အဖွဲ့ဝင်(၂) ဦးစိုးမြင့်ကျော်တို့မှ အသီးသီး အမှာစကားပြောကြားခဲ့သည်၊၊

ထိုပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ စံချိန်မီရပ်ကွက်၊ ရွှေကုန်းရပ်ကွက်၊ ဆင်ကန်ရပ်ကွက်၊ ပါဒကြီးကျေးရွာ ရွှေပျောက်ကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ ပန်းတောကျေးရွာအသင်းတို့မှ စုစုပေါင်းအသင်း (၁၀)သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်၊၊

ထို့နောက်ထမနဲထိုးပွဲ ယှဥ်ပြိုင်ခဲ့ရာ ပထမဆုရ အနောက်ပိုင်းရပ်ကွက်အသင်းကို ဆုငွေ တစ်သိန်း၊ ဒုတိယဆုရ ပန်းတောကျေးရွာအသင်းကို ငါးသောင်းကျပ်၊ တတိယဆုရ ပါဒကြီးကျေးရွာအသင်းကို သုံးသောင်းကျပ်စီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာဝန်ရှိသူတို့မှ ဆုများချီးမြှင့်ခဲ့ကြသည်၊၊

ထမနဲထိုးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်း၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဇော်၊ ကျောက်တန်းမြို့နယ် နယ်မြေလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်မှူး နန်းဦးနှင့် အကဲဖြတ်ဒိုင်များ ဌာနဆိုင်ရာအကြီးအကဲများ ပြိုင်ပွဲဝင်အသင်းများ လာရောက်ကြည့်ရှူ့သူများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)