ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းမြေပဲ ရိတ်သိမ်းပြီးစီး

ကျွန်းလှ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သော မြေပဲ (၁၂၃၆၁) ဧက ရိတ်သိမ်းပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒေသတွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ကျွန်းလှမြို့နယ်မှာ ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်းနဲ့ မုန်ညှင်းစေ့ သီးနှံများ စိုက်ပျိုးကြပါတယ်။ မြေကို မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်ပျိုးကြပါတယ်။ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပြီး အထွက်နှုန်း ပိုလာပါတယ်။ လက်ရှိအချိန်ထိ စိုက်ဧက (၁၄၂၃၆) ဧကအနက် (၁၂၃၆၁) ဧက ရိတ်သိမ်းပြီး တစ်ဧက (၇၅) တင်းကျော်ထွက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာပေး သင်တန်းများ၊ ကွင်းရုပ်ပြပွဲများ၊ ပိုးမွှားကျရောက်မှု ကာကွယ်ရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာ‌များ အသိပညာပေးပြီး ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် (၂၀၂၃ - ၂၀‌၂၄) ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ မြေပဲစိုက်ပျိုးရန် (၁၃၈၉၆) ဧကလျာထားပြီး (၁၄၂၃၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ပြန်/ဆက်)