အမြို့မြို့အနယ်နယ်သတင်းများ

Feb 25,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက သပြေဆောင်များနှင့် သဇင်ဆောင်တို့၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်​ ကျုံတာရှမ်းကွင်းကျေးရွာ၊ အမှတ် (၁၇)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါ​ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးတို့တွင် ပြုလုပ်ပေးခဲ့သည်။
Feb 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အမှတ်(၃) ရပ်ကွက်ရှိ လားဟူခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 25,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုရာထမဲနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ဒိုးပတ်ပြိုင်ပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြသည်။
Feb 25,2024
တပို့တွဲလသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ထမနဲထိုးသည့် လတစ်လဖြစ်သည်နှင့်အညီ ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်(တပို့တွဲလပြည့်နေ့) မြန်မာ့ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ သီရိကွင်း၌ ကျင်းပခဲ့သည်။
Feb 25,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ (၇၇)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို  ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ ယနေ့နံနက်က  ကျင်းပခဲ့ကြောင်း သိရသည်။
Feb 25,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်းပိုင်းရှိ မွန်ဓမ္မာရုံ၌ ယနေ့ နံနက်က အကျဉ်းချုံ့၍ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဒေသထွက် ပဲမျိုးစုံအဝယ်ဒိုင်များ၌ မတ်ပဲနှင့် ပဲတီစိမ်း အဝင်နည်းလျက်ရှိကြောင်း သိရသည်။ ပဲတီစိမ်းမှာ တရုတ်ဘက်မှ ဝယ်လိုအားနည်းနေကြောင်းနှင့် မတ်ပဲမှာလည်း အိန္ဒိယဘက်မှ ရည်ညွှန်းစျေးသတ်မှတ်ချက်များဖြင့် ဝယ်ယူလာမှုများရှိနေကြောင်း ဒေသခံပဲကုန်သည်များထံမှ သိရသည်။