Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သရက်ချောင်းမြို့နယ်၌ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီတော်မြတ် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် စတီးရွှေသင်္ကန်းကပ်လှူပြီးစီးခြင်း ရေစက်ချအလှူတော်မင…
Feb 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီတော်မြတ် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ဆွမ်းခြောက်လောင်းလှူခြင်း၊ အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် စတီးရွှေသင်္ကန်း ကပ်လှူပြီးစီးခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ထောင့်ပုံစေတီရင်ပြင်တော်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 25,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပထမဟံသာဝတီ နေပြည်တော်ကြီးကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ်(၁၁၁၆)ခုနှစ် တပို့တွဲလဆုတ်(၁)ရက်နေ့အား မွန်အမျိုးသားနေ့အဖြင့် သတ်မှတ်ကာ မွန်အမျိုးသားနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား(ဗဟို)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဟွေထိုက်ချောင်းရေးအားလျှပ်စစ်စီမံကိန်း ရေယူအဆောက်အအုံဖောင်ဒေးရှင်း ကွန်ကရစ်သွန်းလောင်းနေမှု ကွင်းဆင်းစစ်ဆေး
Feb 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးလင်းကိုကို နှင့်အဖွဲ့ဝင်များ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနဲ့အဖွဲ့၀င်များသည် ယနေ့နေ့လည်ပိုင်းက လဟယ်မြို့နယ် ဟွေထိုက်ချောင်းအသေးစား ရေအားလျှပ်စစ်စီမံကိန်းရေအားလျှပ်စစ် ရေယူအဆောက်အအုံဖောင်ဒေးရှင်း ကွန်ကရစ်သွန်းလောင်းခြင်းနှင့် ရေလွှဲရေထုတ်ပြွန် ကွန်ကရစ်သွန်းလောင်းနိုင်ရေး ပြင်ဆင်ခြင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု့ စစ်ဆေးပါသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် လေးအိမ်စုကျေးရွာတွင် ပြည်သူ့စစ်မှုထမ်း ဉပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဆွေးနွေး
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကျေးရွာနေပြည်သူများ ပြည်သူ့စစ်မှုထမ်း ဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်း အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 25,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက် ၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အမှတ် (၉)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၁၀)ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သမင်ကုန်းကျေးရွာအုပ်စုသို့ သွားရောက် ဖြည့်…
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရွှေသောင်ယံမြို့ အဏ္ဏဝါသိပ္ပံလေ့ကျင့်ရေးနှင့် သုတေသနကျောင်းတွင် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆု…
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေ(၃)နာရီ(၄၀)အချိန်ခန့်က အစိုးရအဖွဲ့မှဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် အဏ္ဏဝါသိပ္ပံလေ့ကျင့်ရေးနှင့် သုတေသနစခန်းသို့ ရောက်ရှိကာ ပုသိမ်တက္ကသိုလ်မှ လက်တွေ့သင်တန်းဆင်းလေ့လာရန် ရောက်ရှိနေသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များမှာကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သန့်ရင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Feb 25,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9620
Page
9621
Page
9622
Page
9623
Current page
9624
Page
9625
Page
9626
Page
9627
Page
9628
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department