ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာကျောင်း စာစစ်ဌာနများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade–5၊ Grade-9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်ပိုင်းက စာစစ်ဌာနအသီးသီးတွင် Grade–5 တန်းမှ သိပ္ပံဘာသာရပ်၊ Grade - 9 တန်းမှ ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် Grade-5 တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆၄၅ ဦး၊ Grade -9 တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၀၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး အခြေခံပညာမူလတန်း နှစ်ဆုံးစာမေးပွဲအား ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၇ ရက်ထိ၊ အလယ်တန်း နှစ်ဆုံးစာမေးပွဲအား ဖေဖော်ဝါရီ ၂၈ အထိ ကျင်းပမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)