ကသာမြို့၌ ၂၀၂၃-၂-၂၀၂၄ ပညာသင်နှစ် Grade-5, Grade-9 နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ဖြေဆို

ကသာ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ အတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/‌ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယနေ့ နံနက် (၁၁) နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရ သည်။

ကသာမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ စာစစ်ဌာနများအလိုက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာ မူလတန်းအဆင့် Grade-5, အတန်းတွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၁၄၃)ဦး၊ ဖြေဆိုသူ (၁၀၃၄)ဦး၊ ပျက်ကွက်သူ(၁၁၀)ဦးရှိပြီး အခြေခံပညာ အလယ်တန်းအဆင့် Grade-9 အတန်းတွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၈၄၈)ဦး၊ ဖြေဆိုသူ (၇၈၉)ဦး၊ ပျက်ကွက်(၅၉)ဦးရှိကြောင်း သိသည်။

အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။    

ကျော်စွာထွန်း(ကသာ)