နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်  ဖေဖော်ဝါရီ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းသား/ကျောင်းသူများ ပြည်သူ့စစ်ဥပဒေနှင့်ပတ်သတ်၍ ကျယ်ကျယ်ပြန့်ပြန့်  သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးသွင်က စစ်မှုထမ်းဥပဒေကို နိုင်ငံတကာတွင်လည်း ပြဋ္ဌာန်းထားရှိကြောင်း၊ အသေးစိတ်မူဝါဒများ ဆောင်ရွက်ပြီးမှ စစ်သင်တန်းများခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သတ်၍ စိုးရိမ်ရန်မလိုကြရန်နှင့် သတင်းအမှားများ ယုံကြည်မှုမရှိစေရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဦးဇော်မင်းနိုင်က ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြငှာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အိမ်ထောင်စု လူဦးရေစာရင်းနှင့်ပတ်သတ်သည့်အကြောင်းများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အသိပညာပေးဆွေးပွဲတွင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းနှင့် ဌာနမှူးများ၊ ဘာသာရပ်သင် ဆရာ/ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)