မော်လမြိုင် ဖေဖော်ဝါရီ ၂၆
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ တိုးပွားလာစေရန်အတွက် ပညာပေး ဟောပြောဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းထက် ဦးဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် အစိုးရ စက်မှု/လက်မှု သိပ္ပံ (မော်လမြိုင်)၌ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဦးလင်းထက်က ကမ်းနားလမ်းတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးအတွက် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ ရာသီဥတု ပြောင်းလဲလာမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ စသည့် ခေါင်းစဉ်များကို ဆွေးနွေးပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့ကာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကာတွန်းရုပ်ပြ စာအုပ်များအား ကျောင်းအုပ် ဆရာ/ဆရာမကြီးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)