ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အဋ္ဌမအကြိမ် တိုင်းသံဃာ့ဝန်ဆောင် (ပဥ္စမ) နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယက အဖွဲ့ရုံးဝင်းအတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းသံဃာ့နာယကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင်ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိဆရာတော်အဖြစ် ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ၊ (ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) က ဆောင်ရွက်ပြီး အခမ်းအနားမှူးဆရာတော်အဖြစ် ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဘဒ္ဒန္တသုမင်္ဂလက ဆောင်ရွက်ခဲ့သည်။
ထို့နောက် အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဇနက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၏ ဩဝါဒကထာကို ရန်ကုန်တိုင်းဒေသကြီးဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တအာဒိစ္စဝံသက ဖတ်ကြားလျှောက်ထားသည်။
ယင်းနောက် သဘာပတိဆရာတော်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ၊ (ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ) က အဖွင့်ဩဝါဒါကထာမြွက်ကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာ ရေးဆိုင်ရာများလျှောက်ထားပြီး သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် သဘာပတိဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇ) ထံမှ ရေစက်ချတရားနာယူကြသည်။
ယင်းနောက် သာသနာ့ရေးရာ ဆောင်ရွက်ချက်အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိမလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က လည်းကောင်း၊ ဝိနိစ္ဆယရေးရာဆောင်ရွက်ချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တသီရိန္ဒကလည်ကောင်း၊ ပညာရေးဆိုင်ရာဆောင်ရွက်ချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တဝိသာရဒကလည်ကောင်း ဖတ်ကြားပြီး သဘာပတိဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) က နိဂမနကထာ မြွက်ကြားကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)