အမြို့မြို့အနယ်နယ်သတင်းများ

Sep 02,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပန်းထိန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးကာကွယ် တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူခင်းကျဆင်း ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းမြင့်ဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၃၅)ဦး တက်ရောက်ခဲ့ကြသည်။
Sep 02,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုး သား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ တွင်ကျင်းပရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူ များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
Sep 02,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေး ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Sep 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်သော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Sep 02,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များသိရှိ လာစေရန်နှင့် ကလေးသူငယ်ဆိုင်ရာ မှုခင်းများကျဆင်း စေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 02,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်ရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသည့် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်း MCCT အစီအစဉ်အရ နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)အောက်ကလေးများအား တစ်ဦး ကို တစ်လလျှင် ငွေကျပ် (၁၅၀၀၀) ကျပ်နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက် (၃)လစာထောက်ပံ့ငွေ များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ‌လွယ်ဆိုင်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၏ တာဝန်ရှိသူများ လက်ဝယ်သို့ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။
Sep 02,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ကျောင်းပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလီဘောနှင့် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉နာရီက ဆိပ်ဖြူ (အ.ထ.က) ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
Sep 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေးနှင့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီတွင် အရှေ့ဘက်ကမ်းရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ အတွင်း သားဖွားဆရာမ ဒေါ်ချိုမွန်သော်နှင့်ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်ကြွေးခြင်း ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။