အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လေပြင်း​ဘေးအန္တရာယ် ကျရောက်ပျက်စီးနိုင်သော တလုပ္ပင်ကျေးရွာအုပ်စုမှ နေအိမ်(၃၀၀)လုံးအတွက် အမိုးအကာများ အားဖြည့်ပြင်ဆင်ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Feb 26,2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများအမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသားဖေါ်ပြလျက်ရှိသော သတင်းတု/သတင်းမှားများအန္တရာယ်ကြောင့်ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်နှင့် သတင်းအမှန်များကိုသိရှိပြီး အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ရွှေဆံတော်ဘုရားကြီးမြောက်စောင်းတန်း နာရီစင်အနီး မြို့မရဲစခန်းရှေ့ လူစည်ကားရာ ဗိုလ်ချုပ်လမ်းမပေါ်၌ လမ်းသွားလမ်းလာပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို တာဝန်ရှိများအဖွဲ့က ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
Feb 26,2024
မဟာအောင်မြေမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲများ ဆွေးနွေးရာတွင် မဟာအောင်မြေမြို့နယ်အနေ ဖြင့် (၁၈)ရပ်ကွက်ရှိရာ (၃)ရပ်ကွက်စုဖွဲ့၍ ပြည်သူများ သိသင့်သိထိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ ဗဟု သုတများကို သိရှိနားလည်ထားစေရန် တာဝန်ရှိသူများမှ ဆွေးနွေးပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
Feb 26,2024
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ‌ဆေးတက္ကသိုလ်-ရန်ကုန်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာ‌ဆေးတက္ကသိုလ်-ရန်ကုန်ရှိ “တုနှိုင်းမမီ”ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မီးဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 26,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ Grade-5 နှင့် Grade-9 အင်္ဂစာဘာသာရပ်များ ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။
Feb 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းများ၊ ပလူကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ပလူကျေးရွာဘုန်းတာ်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့နံနက် (၉) နာရီအချိန်မှစ၍ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric များ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 26,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကကြီးမှူး၍ လယ်ယာကဏ္ဍစာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရစာချုပ်စာတမ်းများ မှတ်ပုံတင်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Hotel KS အစည်းအဝေးခန်းမ၌ကျင်းပရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက Video Conference ဖြင့် တက်ရောက်ပြီး လယ်ယာမြေဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။