ခန္တီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/သူများစာမေးပွဲဖြေဆို

ခန္တီး ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲအား ကျောင်းသား/သူလေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။      

အဆိုပါစာမေးပွဲမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ စတင်ဖြေဆိုခဲ့ရာ ယမန်နေ့တွင် Grade-5 ကျောင်းသား/သူများအနေဖြင့် နောက်ဆုံးလူမှုရေးဘာသာရပ်ကိုလည်းကောင်း၊ Grade-9 ကျောင်းသား/သူများအနေဖြင့် သမိုင်းသာရပ်ကိုလည်းကောင်း ဖြေဆိုလျက်ရှိပြီး ခန္တီးမြို့နယ်အတွင်း Grade-5 အတန်းကို စာစစ်ဌာန (၈၀)ခုနှင့် ကျား (၅၀၆) ဦး၊ မ (၄၈၄) ဦး စုစုပေါင်း (၉၉၀) ဦး၊ Grade-9 အတန်းကို စာစစ်ဌာန (၁၅)ခုဖြင့် ကျား(၂၄၆) ဦး၊ မ(၃၅၂)ဦး စုစုပေါင်း (၅၉၈)ဦးတို့က စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိကြောင်း ခန္တီးမြို့နယ်ပညာရေးမှူး ဦးဝင်လွင်ဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)