ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပေါက်ခေါင်း     ဖေဖော်ဝါရီ     ၂၈

ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ရောက်ရှိပါသောကြောင့် အစိုးရရုံးဌာနအဆောက်အဦများအား မီးဘေးအန္တရာယ်မှကင်းဝေးစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာရုံးများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့ကပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းအဖွဲ့များပူးပေါင်း၍ ဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြု၍မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့်ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ မီးသတ်ယာဉ်ဖြင့် မီးလောင်မှုငြှိမ်းသတ်နည်း၊ မီးသတ်ရေပိုက်များဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များနှင့် အတူဇာတ်တိုက်လေ့ကျင့်ခဲ့‌‌သည်။ နောက်ရက်များတွင်လည်း အခြားကျန်ရှိသည့်ရုံးများသို့ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)