သာယာဝတီ ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆင်းရွှေကြာ-၂ ဆီထွက်နေကြာသီးညှပ်(၁၂၂၀)ဧက၊ နေကြာသီးသန့် (၂၀)ဧကနှင့် ကိုင်းကျွန်းသီးနှံများဖြင့် ဆင်းရွှေကြာ-၂ နေကြာသီးညှပ်(၄၂၈၀)ဧက၊ ကိုင်းကျွန်းနေကြာသီးသန့်(၃၀)ဧက၊ စုစုပေါင်း(၅၅၀၀)ဧက တိုးချဲ့လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆင်းရွှေကြာ-၂ ဆီထွက်နေကြာမျိုးစေ့ တစ်ဧကလျှင်(၂)ပြည်နှုန်းဖြင့် တောင်သူများထံအခမဲ့ ဖြန့်ဝေပေးခဲ့ရာ သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများရှိ မတ်ပဲနှင့် ပဲတီစိမ်းစိုက်ပျိုးသူတောင်သူများအား သီးညှပ်စိုက်ပျိုးခြင်းအပြင် သီးသန့်စိုက်ပျိုးခြင်းများရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း သာယာဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆီထွက်နေကြာသီးသန့် သီးညှပ်(၉၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)