ရန်ကုန် ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုက်းဒေသကြီး၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦး ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရသည် သံဃာတော်များ ဆေးဝါကုသမှုခံယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဆောက်လုပ်လှူဒါန်းသည့် သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂) ထပ်ဆောင်သစ် ဖွင့်လှစ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင်၊ အင်စိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ကျင်းပရာ အင်းစိန်ရွာ မပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တတိလောကဘိဝံသဆရာတော်ကြီး၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်းချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စာပေ (၂၄)ဆုရ မြေလတ်ဦးမင်းလွင်က မင်္ဂလာအောင် ဩဘာကို ရွတ်ဖတ်သီကြူးပြီး၊ အင်းစိန်ရွာ မပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တတိလောကဘိဝံသဆရာတော်ကြီး၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ် ဦးကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ၊ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးဌေးအောင်တို့က သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂)ထပ်ဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အင်းစိန်ရွာ မပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တတိလောကဘိဝံသဆရာတော်ကြီး၊ အင်းစိန်မြို့နယ်အောင်ဆန်းတောရတပ် ဦးကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရတို့က သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂)ထပ်ဆောင်သစ် ကမ္ဗည်းမှတ်တမ်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ သံဃာ့ဆေးကုသဆောင်အား လိုက်လံကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂)ထပ်ဆောင် လှူဒါန်းမှုအတွက် ရေစက်ချ တရာနာယူပွဲကို အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် ဓမ္မဝိဇ္ဇာဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက အင်းစိန်ရွာမ၊ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစိးပဓာနနာယက၊ ဘဒ္ဒန္တတိလောကဘိဝံသဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ယင်နောက် အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရက သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂)ထပ်ဆောင်သစ် လှူဒါန်းရခြင်းအတွက် ဝမ်းမြောက်အနုမောတနာစကား ပြောကြားပြီး တိုင်ဒေသကြီး ဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာများကို လျှောက်ထားကာ ကြွရောက်တော်
မူလာကြသည့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝတ္ထုငွေအား အောင်ဆန်းတောရတပ်ဦးကျောင်းဆရာတော်အား ဆက်ကပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချ တရားနာယူခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)