စမ်းချောင်း ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်နှင့် မုန့်လုပ်ဆောင်းကုန်(တောင်)ရပ်ကွက်များမှ သုံးပွင့်ဆိုင်မူကြိုကျောင်းနှင့် ကျွန်းတောမူကြိုကျောင်းများတွင် ယမန်နေ့နံနက်(၁၀:၃၀)က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးဖြိုး၀င်းသူဦးဆောင်သော သန္ဓေတပ်ဖွဲ့၀င်များက စမ်းချောင်းမြို့နယ်အတွင်းရှိ သုံးပွင်ဆိုင်မူကြိုကျောင်းနှင့် ကျွန်းတော်မူကြိုကျောင်းများတွင် ၀န်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်မီးလောင်မှု၊ မီးလန့်မှုဖြစ်ပေါ်လာပါက၊ မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် မီးငြှိမ်းသတ်နည်းများကို အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)