သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

သာစည် ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး လုပ်န်းညှိနှိုင်းခြင်း ဖြစ်ကြောင်းနှင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားမှုများ တင်ပြဆွေးနွေးရန် ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးဝင်းအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး တို့က ဆွေးနွေးပြီး မြို့နယ်ပညာရေးမှူး  ဦးလှထွန်းက ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(ဟံဇား)၊ အ.ထ.က(ညောင်ရမ်း)၊ အ.ထ.က(ယင်းမာပင်)နှင့် အ.ထ.က(မယ်ဇလီကန်) စာစစ်ဌာနငါးခု တို့တွင်  ဖြေဆိုမည့် ကျောင်းသား/သူ  ၉၃၉ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)