အမြို့မြို့အနယ်နယ်သတင်းများ

Feb 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့သည်။
Feb 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ၊ ဧပြီလနှင့်ဇွန်လများအတွင်း ကျင်းပပြုလုပ်ခဲ့သော ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၂၄-ခုနှစ်၊ မတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်၌ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက် သီရိသာသနာ့ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ၇၆၀၃ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကဒူးပြင်ကျေးရွာအုပ်စု၊ ကဒူးပြင်ကျေးရွာ ကွင်းအမှတ်၁၆၅(က)တွင် တောင်သူ(၇)ဦး၏ လယ်မြေ(၁၀)ဧကအတွင်း တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးစိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် တာဝန်ရှိသူများ နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
Feb 29,2024
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး ခန်း၌ ကျင်းပရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
Feb 29,2024
ကရင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်ပြည်နယ်စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းကို ဖေဖော်ဝါရီ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ Perfect Hotel Hpa-an တွင် ယမန်နေ့မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ရာ ကရင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဇော်ဝင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ သင်တန်းသားသူများ တက်ရောက်ကြသည်။