အမြို့မြို့အနယ်နယ်သတင်းများ

Feb 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက်(၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 29,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက သမဝါယမအသင်း စုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 29,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲနိုင်ရေးနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။
Feb 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးရွာနေပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိစေရန်နှင့် သတင်းအမှန်များ သိရှိကြစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ် မော်မော်သန်းဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်း‌‌ဒေသကြီးလွှတ်‌တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင် အလှူရှင်များ ပူးပေါင်း၍ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်များအတွင်းရှိ သီလရှင်စာသင် တိုက် (၃၇) ကျောင်းအား ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပသည်။
Feb 29,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာများရှိ တောင်သူများသည် ဖူးစားပြောင်းတစ်မျိုးဖြစ်သည့် ထိုင်ဝမ်ပြောင်းဖူးများကို မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိနေကြောင်း သိရသည်။