အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့် (၁၂)နာရီခွဲအချိန်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်(အကြို)စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မြတ်သရဖူခန်းမ၌ ကျင်းပသည်။
Sep 07,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် ခုနစ်မိုင်ကျေးရွာ၌ ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး ကြကြောင်း သိရသည်။
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြန်မာတိုင်ရင်းသားရိုးရာယဥ်ကျေးမှု ဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီး(၂၄)ကြိမ်မြောက် အမျိုးသားအမျိုးသမီး ခရိုင်အဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပသည်။
Sep 07,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီကစပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ဌာနဆိုင်ရာများနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့က ဒေသခံပြည်သူများထံ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 07,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။
Sep 07,2023
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလီဘော ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ် ဖလား အသက် (၂၅)နှစ်အောက် ကလပ်အသင်း ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။