အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2023
၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင် အဆင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မုံရွာခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ (၁၁၁.၉၅)သန်းဖြင့် ဝမ်တောင်း-နမ့်မုတ် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း (၀/၆)မိုင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယနေ့နံနက် ၁၀ နာရီက ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက် ၉:၃၀ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
Sep 07,2023
လူမှုစီးပွား တိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့ ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများမှန်ကန်စွာ ထည့်သွင်းသုံးစွဲ၍ အရည်အသွေးပြည့်မီသောသီးနှံများ ထုတ်လုပ်ရာတွင် အဆင်ပြေစေရေးအတွက် ယနေ့ နံနက်က ချောင်းဆုံမြို့နယ် တကူပတီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးခြင်း၊ သီးနှံဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး ပညာပေးဆောင်ရွက်ခဲ့ကြသည်။
Sep 07,2023
ဆည်တော်ကြီးရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြသာစံခရိုင်အတွင်းရှီ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်များအတွင်း နွေစပါး၊မိုးစပါးနှင့်အခြားသီးနှံများကို စိုက်ပျိုးပေးဝေလျက်ရှိသည့်အပြင် လျှပ်စစ်ထုတ်လုပ်မှုအတွက်လည်း ဆောင် ရွက်ပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး၊ လက်ထောက်ညွှန်ကြားရးမှုရုံး၊ ဆည်မြာင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဒီဂရီ ကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ သည်။
Sep 07,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို  သပြေကုန်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။
Sep 07,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနက ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊​ ရွှေရတုခန်းမ၌ ကျင်းပသည်။