ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုခ်ဦးအနီး ကွန်ကရစ်လမ်းခင်းကျင်းလျက်ရှိနေကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်း ခင်းကျင်းနေမှုများကို မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်ကနှင့် တာဝန်ရှိသူတို့က ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုခ်ဦးအနီး ကွန်ကရစ်လမ်းသည် မန်ဆူစေတီတော်မြတ်ကြီးမုခ်ဦးအနီးမှ ဘုန်းကြီးကျောင်းတိုက်သို့ သွားရာလမ်းတစ်လျှောက် ခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုဒ်ဦးရေစက်သွန်းချ မဟာမင်္ဂလာအခမ်းအနားကို တပို့တွဲလပြည့်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )