အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဒီဇယ်လျှပ်စစ်သင်တန်း "ဂဟေဆက်/ဝရိန်ဆော်ခြင်း" သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဝယ်ကဝါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2023
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ (International Day OF Clean Air For Blue Skies) အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာ ရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျုံတနော်အနောက် ကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၊ အ.ထ.က(ခွဲ) လိပ်ချောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စနစ်သစ် Aerobic (၄၆)ကွက်နှင့် Zumba သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Sep 07,2023
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ နိုင်ငံတကာ စာတက်မြောက်ရေး​နေ့ ပန်းချီ ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အ​ခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုခဲ့သည်။
Sep 07,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို  ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။
Sep 07,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ နေထိုင်သောမိဘပြည်သူများ စားသုံးဆီကိုဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ စီမံဆောင်ရွက်သည့် စီစဉ်မှု၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးသန်းအေးနှင့်အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ သက်သာသောဈေးနှုန်ထားတို့ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစတင်၍ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဦးဖိုးဆန်၊ဆီအရောင်းဆိုင်၌ ဆီ(၁)ပိဿာကို ငွေကျပ် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။