ကျောက်ဆည်မြို့၌ စူဠဘွဲ့နှင်းသဘင်နှင့်မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

ကျောက်ဆည် ဖေဖော်ဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ၊ ဧပြီလနှင့်ဇွန်လများအတွင်း ကျင်းပပြုလုပ်ခဲ့သော ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၂၄-ခုနှစ်၊ မတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်၌ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက် သီရိသာသနာ့ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ကျောက်ဆည်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စက်ရုံအလုပ်ရုံများမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများစုပေါင်း၍ စာဖြေသံဃာတော်(၁၅၈)ပါး၊ ပင့်သံဃာ(၅၂)ပါး စုစုပေါင်း သံဃာ(၂၁၀)ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်ချီးမြှင့်ကာ ဆွမ်းဆန်စိမ်းများ စည်ကားသိုက်မြိုက်စွာ လောင်လှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်လှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြီးကြပ်မှုကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး၊ ဆွမ်းဆန်စိမ်းလောင်လှူရန် မဏ္ဍပ်ဆောက်လုပ်ရေး၊ ကျန်းမာ‌ရေးစသည့်ကော်မတီများဖွဲ့စည်း၍ သံဃာတော်(၂၁၀)ပါးအား စည်ကားသိုက်မြိုက်စွာ ဆွမ်းဆန်းစိမ်းများ လောင်လှူသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ခရိုင်ပြန်/ဆက်)