Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေဘိုတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုပွဲများ တတိယနေ့ ဆက်လက်ကျင်းပ
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှု များကို စက်တင်ဘာ ၄ ရက်နေ့မှ စတင်ပြီး ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမဝန်း အတွင်းတွင် ဘာသာရပ် အလိုက် ထုတ်ဆီးတိုးပြိုင်ပွဲများနှင့် မွန်းလွဲပိုင်းတွင် ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆဒုံးဒေသထွက် ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Sep 07,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ဒေသခံပြည်သူများမှာ စားဝတ်နေရေးအတွက် လယ်၊ ယာ လုပ်ငန်းအား အဓိကလုပ်ကိုင်ကြရာ ဒေသခံများအနေဖြင့် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုအခါ ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်တွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှု မရှိရေး ကွင်းဆင်းစစ်ဆေး
Sep 07,2023
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် သက်တမ်းလွန် စားသောက်ကုန် များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပ
Sep 07,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး
Sep 07,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသခံမိဘပြည်သူများ၊ ဌာနဆိုင်ရာ မိသားစုများ စားသောက်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ စက်တင်ဘာ ၅ ရက် နံနက် (၇) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဖြင့် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 07,2023
အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မတ္တရာမြို့ အမှတ်(၅) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (စလွန်ဖြူ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ကျေးရွာများ၊ ကျောင်းများ အရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်း များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က အ.ထ.က(၄)၊ မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာသို့ သုတ/ရသ စာအုပ်စာစောင် မျိုးစုံယူဆောင် ၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ပဈေးကွက်အထိ ထိုးဖောက်ရန် လုပ်ဆောင်လျက်ရှိနေသည့် GW NINE FIVE (SSC CRAB) ကဏန်းပျော့ မွေးမြူခြင်းလုပ်ငန်း
Sep 07,2023
ရှေ့လုပ်ငန်းစဥ်(၅)ရပ်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုအချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ရှေ့လုပ်ငန်းစဥ်(၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်း၊ အင်းအိုင်၊ မြစ်ချောင်းများပေါများကာ မွေးမြူရေးလုပ်ငန်းများ ထွန်းကားခြင်းတို့ကြောင့် ရှေ့လုပ်ငန်းစဥ်(၅)ရပ်တွင် အချက်တစ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကြိုးပမ်းဆောင်ရွက်သွားရန် ဟူသည့် လုပ်ငန်းစဥ်အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9559
Page
9560
Page
9561
Page
9562
Current page
9563
Page
9564
Page
9565
Page
9566
Page
9567
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department