Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Feb 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက် (၂) နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ငွေပေးအပ်နိုင်ရေးအတွက် တာဝန်ရှိသူများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်
Feb 29,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက လက်ပံတန်းမြို့ ဘီးလင်းတန်းရပ်ကွက်၌ ဆောင်ရွက်ရာ လက်ပံတန်းမြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Feb 29,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းက လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံလတာကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ ကျုံလတာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေလင်းနှင့် အဖွဲ့များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများတွေ့ဆုံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတအသင်းကြီးမှ (ဒဿမ)ကြိမ်မြောက် ပရိယတ္တိ ရေး၊ ဖြေ သင်္ဂြိုဟ်စတုတ္တနေ့စာမေးပွဲ ကျင်းပ
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတစာတော်ပြန်ပွဲအသင်းကြီးမှ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်(ဒဿမ)ကြိမ်မြောက် ပရိယတ္တိရေးဖြေ စတုတ္တနေ့ကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က လက်ပံပင်ကျောင်းတိုက် ရတနာဃရဓမ္မာရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကန်ဆွယ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကန်ဆွယ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်း တပ်ကုန်းမြို့နယ် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများ တွေ့ဆုံ
Feb 29,2024
အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်း ဦးစီးသည့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကပစ(၁) စည်းရုံးရေးနယ်မြေအတွင်းရှိ အုန်းပင်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ညောင်လွန်ကျေးရွာအုပ်စု၊ သစ်ဆိန့်ပင်ကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ပြည်သူစစ်ဌာနေခေါင်းဆောင်များအား တွေ့ဆုံရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အုန်းပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းသင်ကြားပို့ချ
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအား မအူပင်ခရိုင် မီးသတ်ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားရာ ယမန်နေ့ နံနက် (၇)နာရီအချိန်က ကြိုးချည်နည်းဘာသာရပ်အား ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9559
Page
9560
Page
9561
Page
9562
Current page
9563
Page
9564
Page
9565
Page
9566
Page
9567
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department