အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 07,2023
ရန်ကုန်တိုင်း‌ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အ.လ.က (၁) ကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာရေးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/ ၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရှိဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာရေးဆရာ မင်းဗထူးရေးသားသော "စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
Sep 07,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀း၀၀ နာရီအချိန်က စာရေးဆရာ ​​​ဒေါက်တာခင်​မောင်ညိုရေးသားသည့် "​​လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံတကာစာတက်မြောက် ရေးနေ့ (အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရသေ့တောင်မြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ (၂၄ )ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရန်အတွက် အစမ်း‌လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင်ကျင်း ပြုလုပ်သည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း ကျင်းပခဲ့ ကြောင်း သိရသည်။