သုံးခွမြို့နယ် မြို့မစျေးတွင် မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်

သုံးခွ ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်က မီးပေါ့ဆမှုကြောင့် သာမန်မီးလောင်မှု၊ လောင်စာဆီ၊ အခြားမီးလောင်မှုများနှင့် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံနည်းစနစ်ကို ဟောပြောရှင်းလင်းပြသခဲ့သည်။ ထို့နောက်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ် ၂ စီး၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဥ် ၁ စီးဖြင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စျေးသူစျေးသားများက မီးသတ်ဆေးဘူးဖြင့် စနစ်တကျအလွယ်တကူမီးငြှိမ်းသတ်နည်း၊ ဂက်(စ်) မီးဖိုယို့စိမ့်၊ ပိုက်ပေါက်မှုကြောင့် မီးလောင်မှုဖြစ်ခြင်းအား မီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မီးငြိမ်းသတ်ခြင်း သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်မျိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စိုးမိုး၊ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် စျေးသူစျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)