ပဲခူးမြို့တွင် ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ပဲခူး ဖေဖော်ဝါရီ ၂၉

သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား လျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီက ပဲခူးမြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်လှုပ်ခတ်ခြင်းကြောင့် မီးလောင်ကျွမ်းခြင်း၊ အဆောက်အဦပြိုကျခြင်း၊ အထပ်မြင့် အဆောက်အဦမှ ပိတ်မိလူနာများအား ကယ်ဆယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် မီးငြှိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ အနာဂတ်ကြယ်ပွင့် လူမှုရေးအသင်းတို့ပေါင်း၍ သုံးဆင့်လှေကား၊ မီးသတ်ပိုက်များဖြင့် မီးငြှိမ်းသတ်ခြင်း၊ အဆင့်မြင့်ကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြု၍ ကယ်ဆယ်ခြင်း၊ ဒဏ်ရာရ လူနာများအား  ပေ ၁၀၀ ကြိုး၊ အသက်ကယ်ကြိုး ၁၄ ပေကြိုး၊ carabine တို့အသုံးပြု၍ လူနာချခြင်း၊  Stretcher ကိုအသုံးပြု၍ လူနာသယ်ဆောင်ခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပဲခူးမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး၊ လူမှု‌ကယ်ဆယ်ရေး အဖွဲ့ဝင်(၂၀)ဦးတို့ဖြင့်  ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)