အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လက်ဖက်စိုက်တောင်သူများများက လက်ဖက်စို၊ လက်ဖက်ခြောက် အဆင့်ဆင့်ထုတ်လုပ်ဆောင်ရွက်နေမှုကို ယမန်နေ့၊ ညနေ(၄)နာရီအချိန်က အဆိုပါကျေးရွာသို့ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဟုမ္မလင်း​မြို့နယ်စာသုံးသူရေးရာတာဝန်ခံ ဒေါ်ခင်စန်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က ရွှေလောင်းကျောင်း မေခခန်းမ၌ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စံမညီဆေးဝါးများ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၆ ရက်နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ အသုံးပြုနိုင်ရန်အတွက် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိမရှိ ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့ပေါ် ဆေးဆိုင်များ၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပြည်သူများ သက်သာချောင်ချိစေရး၊ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ဆောင်ရွက်မှု၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ပေါင်းစပ်ဆောင်ရွက်မှုတို့ဖြင့် ယနေ့နေ့လယ်(၂)နာရီ အချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက်ရုံး၌ ရပ်ကွက်အတွင်းမှ ပြည်သူများအား ဘိုကလေးမြို့နယ်အတွင်းမှ ဇော်မျိုးဦး ကုန်စုံဆိုင်နှင့် ဦးလှမြင့် ကုန်စုံဆိုင်တို့မှ ဆီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။
Sep 07,2023
ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ် အထိမ်းအမှတ် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက် နံနက်(၉)နာရီက ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့သစ်ရှိ လူငယ်အားမာန်သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။