World Vision Myanmar Einme Area Program မှ အိမ်မဲမြို့နယ် ကျေးရွာအုပ်စုအသစ်များတွင် စီမံချက်နှင့်ဆိုင်သော လုပ်ငန်းစဥ်များ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး

အိမ်မဲ ဖေဖော်ဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် World Vision Myanmar Einme Area Program မှ အိမ်မဲမြို့နယ်ကျေးရွာအုပ်စုအသစ်များတွင် စီမံချက်နှင့်ဆိုင်သော လုပ်ငန်းစဥ်များဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး​ပွဲကို ယနေ့နံနက် (၉) နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် World Vision Myanmar Einme AP ဦးငြိမ်းချမ်းစိုးက World Vision Einme အနေဖြင့် အိမ်မဲမြို့နယ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သော ကျန်းရေး၊ ပညာရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ အသက်မွေးဝမ်းကျောင်း၊ သဘာဝပတ်ဝန်းကျင်စသည်​ လုပ်ငန်းများအား Projector ဖြင့်အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသူများအား အစီအစဥ်နှင့်ပတ်သက်ပြီး ဦးစားပေးကျေးရွာ၊ ကျေးရွာတွင် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်သောလုပ်ငန်းများအား အကြံပြုတင်ပြနိုင်ရန် စာရွက် စာတန်းများကို ဝေငှပေးခဲ့ရာ တက်ရောက်လာသူများက အကြံပြုချက်များကို ပြန်လည်ရေးသားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ စီမံချက်ဆောင်ရွက်မည့် ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)