သာပေါင်း ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရှင်ကြီးပျောက်ကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် ဖေဖော်ဝါရီလ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ရှင်ကြီးပျောက် ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာ၊ သီရိမင်္ဂလာ ဘုန်းကြီးကျောင်းတွင် ကျေးရွာနေပြည်သူ(၁၆၂)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးနှင့် ဌာနဆိုင်ရာများကတွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ လုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ တရော်လာဂျီနှင့် လယ်ယာသုံးယာဥ်များ ယာဥ်မှတ်ပုံတင်ပြုလုပ်ရေး၊ စနေနေ့တိုင်းနေအိမ်အလိုက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး ဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)အား ၂၀၂၄ ခုနှစ်တွင် ဧကပြည့်စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများ မရှိရေးသီးထပ်စိုက်ပျိုးရန်၊ ဆောင်းနေကြာ လျာထားဧက ပြည့်မီစွာစိုက်ပျိုးရေးဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေပြတ်လပ်မှု ရှိနိုင်သဖြင့်သောက်သုံးရေ စုဆောင်းရန်၊ရေလှောင်ကန်များ ပြုပြင်ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက်ချောင်း၊ မြောင်း၊ ရေကန်ချောင်းပိတ် မြောင်းပိတ်ဆောင်ရွက်ရန်၊ ငါးသယံဇာတ ထိန်းသိမ်းရေး၊ လျှပ်စစ်မီး အန္တရာယ်ကင်းရှင်းရေး၊ တစ်နိုင်တစ်ပိုင်ကြက်/ ဘဲ/ ဝက် မွေးမြူရေး၊ ဗေဒါများအမှိုက်မြေဆွေးပြုလုပ်ပြီး လယ်၊စားပင်သီးပင်များစို က်ပျိုးရာတွင် အသုံးပြုရန်၊ ၂၀၂၅ ခုနှစ်၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ရန်၊ ကြဲခင်းအစား စိုက်ခင်းစနစ်ပြောင်းလဲစိုက်ပျိုးရေး၊ အဓိကသီးနှံ(၁၀)မျိုးပန်းတိုင် အထွက်နှုန်းရရှိရေး၊ မျိုးစေ့ချကိရိယာ (Seeder)ဝယ်ယူအသုံးပြုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေးရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)