ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး၊ လစ်လပ်အမှုဆောင်သစ်ရွေးချယ်ခြင်းပွဲနှင့် ဘွဲ့ထူး၊ ဂုဏ်ထူးနှင့် စာပေဆုရအသင်းဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ (၁၂း၃၀) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း ယာယီဥက္ကဋ္ဌ ဒေါ်တိုးကြည် (မြကြေးမုံရတနာဆောင်) က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း၏ ၂၀၂၃ ခုနှစ်ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးငွေစာရင်းရှင်းတမ်းကို ယာယီအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး ဦးဝင်းကိုကိုလတ် (ဖိုးလောင်းတူး -ဥပဒေ) ကဖတ်ကြားခဲ့သည်။
ဆက်လက်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စာရေးဆရာအသင်း လစ်လပ်အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွှန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) က လစ်လပ်အမှုဆောင်ရွေးချယ်ရေးဆိုင်ရာများကို ပြောကြားခဲ့သည်။ ထို့နောက် လစ်လပ်အမှုဆောင်ရွေးချယ်တင်မြောက်ရေး ကော်မရှင်အဖွဲ့မှ တက်ရောက်လာသော မြို့နယ်စာရေးဆရာအသင်းအဖွဲ့မှ အမှုဆောင်အဖြစ် ဆောင်ရွက်လိုသူများ၏ အမည်စာရင်းတင်သွင်းခြင်း၊ ဆန္ဒမဲပေး၍ အမှုဆောင်အဖြစ် ရွေးချယ်ခြင်းနှင့် လစ်လပ်အတွင်းရေးမှူးနေရာ၊ ဘဏ္ဍာရေးမှူးနေရာအတွက် ဆန္ဒပြုပေးခြင်းများကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စာရေးဆရာအသင်းအဖွဲ့များ၏ မဲပေးရွေးချယ်မှုဖြင့် လစ်လပ်အမှုဆောင်သစ်များဖြစ်သော ဥက္ကဋ္ဌအဖြစ် ဒေါ်တိုးကြည် (မြကြေးမုံ-ရတနာဆောင်) အတွင်းရေးမှူးအဖြစ် ဦးဝင်းကိုကိုလတ် (ဖိုးလောင်းတူး -ဥပဒေ)၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးလပြည့်ဇင် (လက်ယာမေတ္တာတံခွန်)၊ အမှုဆောင်များအဖြစ် ဒေါ်သဲစုဇင် (ဆုလဲ့နန္ဒာ) နှင့် ဒေါ်ဝင်းဝင်း ဝင်းဝင်း (ဒဂုံအရှေ့) တို့အား ရွေးချယ်ခဲ့မှုအား ရွေးချယ်တင်မြောက်ရေး ကြီးကြပ်အဖွဲ့အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက ဖတ်ကြားခဲ့ပြီးနောက် အမှုဆောင်အဖွဲ့ဝင်သစ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြပြီး ဘွဲ့ထူး၊ ဂုဏ်ထူးနှင့် စာပေဆုရ အသင်းဝင်းများအား မြို့နယ်စာရေးဆရာအသင်းမှ ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ