ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

ခန္တီး ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသက်ထွဋ်က ပြည်သူ့စစ်မှုထမ်းဉပဒေသနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ခန္တီးမြို့နယ်ဉပဒေအရာရှိ ဉီးဗာန်လာလ်တလွန်းက ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်၍ အသက်အရွယ်နှင့်ကာလအပိုင်းအခြားများ၊ ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွှတ်ခွင့်ရသည့်ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့်ဉပဒေဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရာရှိစစ်သည်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ အစည်းများ စုစုပေါင်းအင်အား(၂၅၀)ဉီး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်း စရာသတင်းစကား လက်ကမ်းစာစောင်များကိုလည်းကောင်း၊ တပ်မတော်အရာရှိစစ်သည်များက ပြည်သူ့စစ်မှုထမ်းခြင်းနှင့်ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များကိုလည်းကောင်း ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)