အမြို့မြို့အနယ်နယ်သတင်းများ

May 03,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း ပစ္စည်းတင်ဒါဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။
May 03,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာ၌ နွေစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်သူ ဦးတင့်ဆွေဦး၏ လယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 03,2024
၂၀၂၄ ခုနှစ်၊ မေလ (၅)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မေလ ၂ ရက်နေ့ ညနေ ၄ နာရီခန့် က မိုးများ သည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် သီပေါမြို့ ဇာတ်စုရပ်ကွက် သီပေါ-နမ္မတူ ကားလမ်းပေါ်သို့ သစ်ပင်ကြီးလှဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်နေသောကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ညနေ ၆ နာရီ အချိန်ခန့်က သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
May 03,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အပူဒဏ်သက်သာစေရန် ရည်ရွယ်ချက်ဖြင့်   ရွှေမန်းကျောင်းဆရာတော် ဘဒ္ဒန္တသဇ္ဇန၏ ဦးဆောင်မှုဖြင့် မိုးခေါ်လွန်ဆွဲပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က အရှေ့ပြင်ဈေးရပ်ကွက် မိတ္ထီလာမြောက်ကန်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။