အမြို့မြို့အနယ်နယ်သတင်းများ

May 03,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာအုပ်စု ဒေါ်လန်း(RHC)၌ အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 03,2024
မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့  သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ၊ ကော့မုပွန်ကျေးရွာနှင့် ဒေါင်းရပ်အနောက်ကျေးရွာတို့တွင် သောက်သုံးရေ (၁၇၃၅၀) ဂါလံနှင့် (၂၀)လီတာဆံ့ ရေသန့်ဘူး (၂၀၀)တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ်  အမှတ် (၇၇၊ ၇၈၊ ၉၁၊ ၉၃၊ ၉၄) ရပ်ကွက် (၅) ရပ်ကွက်မှ  အပူလှိုင်းအန္တရာယ်ခံစားရသော အိမ်ထောင်စုများမှ (မသန်စွမ်း၊ သက်ကြီးရွယ်အို၊ ခလေး ၆ ယောက်နှင့်အထက်) စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော အိမ်ထောင်စုများအား ငွေသားထောက်ပံ့ခြင်းကို မေလ ၁ ရက်နေ့ နံနက်ပိုင်းက အမှတ်(၉၄) ရပ်ကွက်၊ ပိတောက်လမ်း(ဘီ)၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
May 03,2024
ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ်အစိုးအရအဖွဲ့များပူးပေါင်းကာ အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းမနေခဲ့ရသူများအတွက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးနှင့်လူမှုဘဝမြင့်မားစေရေး ရည်ရွယ်၍ ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ဝိုင်းများတွင် သင်ကြားပေးလျက်ရှိရာ ယနေ့တွင်ပုလုံးတုံတုံးကျေးရွာနှင့် ကံပုံလားမားကျေးရွာရှိ စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုအား ပညာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
May 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂ဝ၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်သင်တန်းကို သင်ကြားပို့ချလျက်ရှိ‌ကြောင်း သိရသည်။
May 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်လ ပထမအပတ်က Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခဲ့သော ရတနာတိုး နွေစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ​ကြောင်း သိရသည်။
May 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ၂၀၂၄ခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုတ်သီးနှံများကို ပိုမို၍စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရိတ်သိမ်းချွေလှေ့ချိန်တွင် စျေးကောင်းရရှိကြောင်း တောင်သူများထံမှ သိရသည်။
May 03,2024
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် (၃၂)ကြိမ်မြောက် ရွှေပညာဒါန(အခမဲ့)အသိပညာပေးရွှေသင်တန်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ်(၁၃)ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပရာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနာယက ဦးစန်းလွင်း၊ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ ရွှေလုပ်ငန်းကို စိတ်ပါဝင်စားသည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။