အမြို့မြို့အနယ်နယ်သတင်းများ

May 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ပေါ်အတွင်း လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ ခိုးမှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဆောင်ရွက်နိုင်သည့်အပေါ် ဂုဏ်ပြုပွဲအခမ်းအနားကို မုန်းဝန်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
May 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သစ်တောဦးစီးဌာနမှ ခိုလမ်နယ်ရှိ သစ်တောပျိုးဥယျာဉ်တွင် မိုးရာသီလူထုဖြန့်ဝေပေးရန် ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။
May 02,2024
၂၀၂၄ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့်နေရာများသို့ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
May 02,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြာပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 02,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ချစ်နိုင်(စိတ်ပညာ) ၏ လူငယ်နှင့်အောင်မြင်မှု စာအုပ်ဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
May 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်း (Smart Village)များ ရွေးချယ်ပွဲအခမ်းအနားကို ဧပြီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။