Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငါန်းဇွန်မြို့နယ်တွင် ဆီထွက်သီးနှံများထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ အထူးဇုံများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
May 02,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၃နာရီအချိန်က မြို့နယ်အတွင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဆိုင်းဘုတ်တင်ခြင်းနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ…
May 02,2024
၂၀၂၄ခုနှစ် မေလ ၅ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို မေလ(၁)ရက် နံနက်(၇)နာရီမှ စတင်ကာ ချမ်းအေးသာစံမြို့နယ် ၂၉×၈၁ လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်
May 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေး ကောင်းမွန်ပြီး ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်မိသားစုများ ပြည်သူအကျိုးပြုလုပ်င…
May 02,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းပြည်သူ့ ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင်(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုသွေးလှူဒါန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
May 02,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းနှင့် တိုင်းဒေသကြီး၊ ပြည်ထောင်စုဘဏ္ဍာရံပုံငွေ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း ၂ / ၂၀၂၄ ဖွင့်ပွဲကျင်းပ
May 02,2024
ကျောင်းသား၊ ကျောင်းသူများ နွေရာကျောင်းအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ကလောမြို့နယ် ပြည်သူ့စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေပြီး ကျောင်းစာအပြင် ပြင်ပအသိပညာ၊ အတက်ပညာများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း ၂ /၂၀၂၄ ဖွင့်ပွဲကို ယနေ့မွန်းလွှဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် နွေရာသီ ကျောင်းပိတ်ရက်အားလပ်ချိန်၌ စာဖတ်ရှိန်မြှင့်တင်ရေး ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
May 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့ အကျင့် ရှိစေရန်နှင့် စာပေများ ဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ရပ်ကွက်ပေါင်းစုံ(အမျိုးသား)လွန်ဆွဲပြိုင်ပွဲပြုလုပ်
May 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် ကော့သောင်းမြို့နေ လုပ်သားပြည်သူများအတွက် ပျော်ပွဲရွင်ပွဲတစ်ခုအနေဖြင့်လည်းကောင်း၊ အလွန်ပူပြင်းခြောက်သွေ့သောအချိန်အခါတွင် မိုးများရွာသွန်းစေရန်အလို့ငှာ ကော့သောင်းမြို့ရပ်ကွက်ပေါင်းစုံ လွန်ဆွဲပွဲ (မိုးခေါ်ဆုတောင်းပွဲ)ကို မေလ(၁)ရက်နေ့ညနေပိုင်းက ကော့သောင်းမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9065
Page
9066
Page
9067
Page
9068
Current page
9069
Page
9070
Page
9071
Page
9072
Page
9073
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department