အမြို့မြို့အနယ်နယ်သတင်းများ

May 02,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာ(စင်တီမီတာချုပ်နည်း)သင်တန်းကို ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)ရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
May 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
May 02,2024
ပဲခူးတိုင်းဒေသကြီးနယ်မြေ၊ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine  MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
May 02,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
May 02,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန ကြီးမှူး၍ ခရိုင်အဆင့် လူရည်ချွန် ပြိုင်ပွဲ ရမည်းသင်း ခရိုင် လူရည်ချွန် ရွေးချယ်ခံခဲ့ရသည့် လူရည်ချွန်မောင်မယ်များအား နိုင်ငံတော်မှ လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပြီး မေလ ၂ ရက် နံနက် ၁၀ နာရီ၌ မိမိနေရပ်သို့ အပြန်ခရီးတွင် ရမည်းသင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ၌ ဌာနဆိုင်ရာများ၊ လူမှုရေအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ပန်းကုံးများ၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 
May 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာ ရှိစက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ ဧက(၁၀၀)ရှိ တောင်သူဦးဆန်းလွင် ပိုင်ဆိုင်သော လယ်မြေ(၁.၅)ဧကနှင့် တောင်သူ ဦးစိုးသိန်း၏ လယ်မြေ(၁)ဧကတို့တွင် ကောက်စိုက်စက်ဖြင့် မိုးကြိုစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို မေလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့သည်။
May 02,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပညာ​ရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများ အကျိုးရှိစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေလ (၂) ရက်နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)သာဓု ခန်းမတွင် ကျင်းပ​ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြခဲ့သည်။
May 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိ ပညာ ဗဟုသုတများ ပြည့်စုံစေရန် ယနေ့နံနက် (၉) နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။