သီပေါ-နမ္မတူ ကားလမ်းပေါ်၌ သစ်ကိုင်းကျိုးကျ၍ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး အချိန်မီ သွားရောက်ရှင်းလင်း

သီပေါ မေ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မေလ ၂ ရက်နေ့ ညနေ ၄ နာရီခန့် က မိုးများ သည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် သီပေါမြို့ ဇာတ်စုရပ်ကွက် သီပေါ-နမ္မတူ ကားလမ်းပေါ်သို့ သစ်ပင်ကြီးလှဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်နေသောကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ညနေ ၆ နာရီ အချိန်ခန့်က သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများ စိတ်အနှောက်အယှက်မဖြစ်စေရန်၊ ခရီးနှောင့်နှေးကြန့်ကြာမှုမရှိစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် အချိန်မီ သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)