Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရမည်းသင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်နှင့်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အမိုးလန်ပျက်စီး
May 03,2024
ရမည်းသင်းမြို့နယ်၌ မေ ၂ ရက် ညနေ ၄ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့မအုပ်စုတွင် နေအိမ်(၄)လုံး၊ ဝါတိုးအုပ်စုတွင် နေအိမ်တစ်လုံး၊ အောင်မင်္ဂလာရပ်ကွက်၌ နေအိမ်တစ်လုံး၊ ကတင်အုပ်စုတွင် နေအိမ်(၄)လုံး၊ ကျောက်ဖူးအုပ်စုတွင် နေအိမ် (၁၀)လုံးနှင့် ဘုန်တော်ကြီးကျောင်းတစ်ကျောင်း၊ ကမ္မအုပ်စုတွင် နေအိမ် (၂၆) လုံးနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ ကျွဲတပ်ကျေးရွာအုပ်စုတွင် နေအိမ်နှစ်လုံး၊ ဆည်ကန်အုပ်စုတွင် သပြေလှနေအိမ် (၁၀) လုံး၊ ဆတ္ထိုးကြီးအုပ်စုတွင် နေအိမ် (၈)လုံး၊ တောင်ကန်ကြီးကျေးရွာအုပ်စုတွင် နေအိမ် (၇)လုံး၊ ထိန်ကန်အုပ်စုတွင် နေအိမ် (၈) လုံး၊ ပုတီးကုန်းကျေးရွာတွင် နေအိမ်နှစ်လုံး၊ ပေါက်အိုင်ကျေးရွာအုပ်စုတွင် နေအိမ် (၁၀) လုံး၊ ရွာတန်းသဲကျွန်းရွာတွင် နေအိမ်တစ်လုံး၊ လယ်သာကျေးရွာတွင် နေအိမ်တစ်လုံး၊ ရေဦးအုပ်စုတွင် နေအိမ် (၇) လုံး၊ လွှစင်ကျေးရွာအုပ်စုတွင် နေအိမ် (၁၀၇) လုံး၊ လက်ပံကုန်းကျေးရွာတွင် နေအိမ်တစ်လုံး၊ သိုက်မြှောင်ကျေးရွာတွင် နေအိမ် (၄)လုံး၊ အိုင်တိုးကျေးရွာတွင် နေအိမ်နှစ်လုံး၊ အင်းပေါင်ကျေးရွာတွင် နေအိမ်နှစ်လုံး၊ အုန်းသီးကွဲကျေးရွာတွင် နေအိမ် (၉)လုံး ပျက်စီးခဲ့ပြီး အသက် (၅၀) ခန့် အမျိုးသားတစ်ဦးနှင့် နွားတစ်ကောင်တို့မှာ မိုးကြိုးထိမှန် သေဆုံးသွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
May 03,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျန်းမာသန်စွမ်းသော ကလေးငယ်များဖြစ်စေရန်အတွက် လစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက စတင်၍ အမှတ်(၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
May 03,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဧပြီလ (၃၀) ရက်နေ့ နံနက် (၈:၃၅) နာရီ အချိန်က အမှတ် (၁၈) ရပ်ကွက်နှင့် နံနက် (၁၁:၁၆) နာရီ အချိန်က အမှတ် (၈) ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် မီးဘေးသင့် အိမ်ထောင်စုများ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ဧကဒဿမတန်း နှစ်ထပ်ကွမ်း လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ
May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စိန်ညီလာခန်းမ၌ မေလ ၁ ရက်နေ့ ည ၇ နာရီအချိန်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ဧကဒဿမတန်းနှစ်ထပ်ကွမ်း လူရည်ချွန်ဆုရသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသား မောင်မြတ်မင်းခန့်အား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနာကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးစောသက်ဇေအောင်နှင့် ဆရာ၊ ဆရာမများ၊ အမှတ်(၇ )ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
May 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန် မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်
May 03,2024
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသော “မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ (၂)” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း
May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်နေပြည်သူများ နွေရာသီကာလတွင် သောက်သုံးရေအခက်အခဲမဖြစ်ပေါ်စေရန်နှင့် အဆင်ပြေမှုရှိစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို (၁၂၀)ရပ်ကွက်ရှိ ဓမ္မသိင်္ဂါရသာမဏေကျော်ကျောင်းတိုက်၊ အမှတ်(၁၄)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများထံသို့ ယမန်နေ့နံနက် (၁၀)နာရီက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် (၇၈) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
May 03,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက (၇၈) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် တဲတော်ရာရပ်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ရွှေသာလျောင်းဘုရားတွင် ယနေ့နံနက် (၇) နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9057
Page
9058
Page
9059
Page
9060
Current page
9061
Page
9062
Page
9063
Page
9064
Page
9065
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department