လက်ပံတန်း မေ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာ၌ နွေစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်သူ ဦးတင့်ဆွေဦး၏ လယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဦးတင့်ဆွေဦး၏ ဦးပိုင်အမှတ် (၁၂၁)၊ ကွင်းအမှတ် (၁၁၆၁) လယ်မြေတွင် စိုက်ပျိုးထားသော ရတနာတိုးအထူးအထွက်တိုး စိုက်နည်းစနစ် စံပြစိုက်ခင်း (၃.၀၀) ဧကတွင် နွေစပါး စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ရာ တစ်ဧကလျှင် အစိုထွက် (၁၃၁)တင်းနှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)