Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဓနုဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထီကွေ့ကျေးရွာအုပ်စု၊ အိုင်ကြီးချောင်းကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ (၃)ရက်အတွင်း မျက်စိဝေဒနာရှင် (၁၄၅)ဦးအား အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသပေး
May 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် (၅၃)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် (ကလောခရိုင်အသင်း) အား အောင်နိုင်ရ…
May 08,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၌ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် ဘောလုံးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် (ကလောခရိုင်အသင်း) အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသခံယူနေသော လူနာများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် သွားရောက်တွေ့ဆုံထောက်ပံ့
May 08,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသခံယူနေသော လူနာများကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက သွားရောက်တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့လှုပ်ရှားမှုများ ဆောင်ရွက်
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အကြိုလှုပ်ရှားမှုအဖြစ် မေလ ၅ ရက်နေ့တွင် ဟင်္သာတမြို့နယ် ကြက်ခြေနီအသင်းဝင်များ၊ စေတနာလုပ်အားရှင်များက ဟင်္သာတမြို့ရှိ သမိုင်းဝင် မြို့သူကြီးဘုရားဝင်းအတွင်းရှိ ဘုရားစေတီများ၊ ဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ ရင်ပြင်တော်နှင့် ဝန်းကျင်တို့တွင် အမှိုက်ကောက်ခြင်း၊ တံမြက်စည်းလှည်းခြင်းများကို စုပေါင်းကုသိုလ်ယူဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် လေဘေးဒဏ်သင့် သမိုင်းဝင် မွေတော်ကက္ကူဘုရား အရံစေတီ ၆ ဆူ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် အလှူငွေများ လှူဒါန်း
May 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် မေလ ၂ ရက်ညက လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထီးတော်မြေခခြင်းဖြစ်ပွားခဲ့သည့် မွေတော်ကက္ကူဘုရားဝန်းရှိ အရံစေတီခြောက်ဆူ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄ ခုနှစ်)အခမ်းအနား ကျင်းပ
May 08,2024
“ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက်(၅)နှစ်အထိ ကလေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄ ခုနှစ်)အခမ်းအနားကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လှုမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတတ်မှုရှိစေရန်ရည်ရွယ်၍ မင်းလှမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ ချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9042
Page
9043
Page
9044
Page
9045
Current page
9046
Page
9047
Page
9048
Page
9049
Page
9050
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department