ဇေယျာသီရိ မေ ၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူ (၄၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား နယ်လှည့်ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်နုငယ်ထွေးနှင့် တာဝန်ရှိသူများက သတ်မှတ်ချက်ဖြင့်ကိုက်ညီသည့် စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာမှ ကျေးလက်နေပြည်သူများအား မွေးတိုး (၄၄) ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး (၄၂) ဦးကို ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်လိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
သူရအောင်(ဇေယျာ)