ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ဝတ္ထုတိုရေးနည်းနှင့်စာစီစာကုံးရေးနည်းသင်တန်း ဖွင့်လှစ်

ရွှေတောင် မေ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) နှင့်ပူးပေါင်း၍  ဝတ္ထုတိုရေးနည်းနှင့်စာစီစာကုံးရေးနည်းသင်တန်းကို မေလ (၄) ရက်နေ့မှ‌စ၍ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဆရာမကြီးဒေါ်ခင်ယုနိုင်(အေပရယ်ယုနိုင်-ရွှေတောင်)က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူလူငယ်များ မြန်မာစာပေ၏အရေးကြီးပုံနှင့် ပိုမိုချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများတိုးတက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ ဝတ္ထုတိုရေးနည်းသင်တန်းတွင် နည်းပြဆရာများအဖြစ် ဒေါ်ခင်ယုနိုင်(အေပရယ်ယုနိုင်-ရွှေတောင်)၊ ဦးကြည်ညွန့်(အောင်ပြည့်စုံ)နှင့် ခိုင်လေး(ရွှေတောင်)တို့က ဝတ္ထုတို၏အင်္ဂါရပ်များ၊ ဝတ္ထုတိုရေးနည်း၊ ရေးသားမည့်ပုံစံ၊ စုတုပြု၊ လက်တွေ့ရေးသားနည်းများသင်ကြားပို့ချခဲ့ပြီး စာစီစာကုံးရေးနည်းသင်တန်းတွင် ဆရာကြီးဦးဇော်မင်း(ဦးမင်း-‌ရွှေတောင်)နှင့် ဦးကြည်သိန်း(ရွှေမှော်မြေမောင်ကြည်သိန်း)တို့က စာစီစာကုံးရေးသားရာတွင် ပါဝင်ရမည့်အချက်များ၊ စာစီစာကုံး၏အနက်အဓိပ္ပာယ်၊ စာစီစာကုံးရေးနည်း(၄)မျိုး၊ ဘဝသရုပ်ဖော်(စိတ်ကူးယဉ်)အမျိုးအစား၊ ဗဟုသုတဖြစ်ဖွယ်(ပညာပေး)အမျိုးအစား၊ သမိုင်းကြောင်းနောက်ခံအမျိုးအစားနှင့် စာစီစာကုံးအင်္ဂါ(၃)ရပ်စသည်များကို သင်ကြားပို့ချ‌ခဲ့ပြီးကျောင်းသား၊ကျောင်းသူ(၂၀)ဦးအား သင်တန်းကာလ(၅)ရက်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)