အမြို့မြို့အနယ်နယ်သတင်းများ

May 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကျောက်မော်ရပ်၊ မဟာစည်မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်အတွင်း ဗုဒ္ဓမြတ်စွာ၏အဆုံးအမများကို စနစ်တကျကျယ်ပြန့်စွာ လေ့လာသင်ကြားနိုင်ကြစေရန်ရည်သန်၍ ထားဝယ်ဗုဒ္ဓတက္ကသိုလ် အဆောက်အဦအသစ် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီက မဟာစည်မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်အတွင်း၌ ကျင်းပသည်။
May 06,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။
May 06,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရှေးဟောင်းရေကန်များသို့ ရေစီးဝင်ရာ ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
May 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်သို့လာရောက်ကြသည့်ကလေးငယ်များ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 06,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းဆောင်ရွက်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်းကို အထက-နောင်ကိုင်တော်ကျောင်းခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။
May 06,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီခန့်က ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
May 06,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန်မောင်မယ်ကျောင်းသား/သူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန်နေ့ညနေပိုင်းတွင် ကော့သောင်းမြို့မှတစ်ဆင့် မော်တော်ယဉ်ဖြင့် ဘုတ်ပြင်းမြို့သို့ ရောက်ရှိလာရာ အ.ထ.က-ဘုတ်ပြင်းကျောင်းရှေ့၌ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။