အမြို့မြို့အနယ်နယ်သတင်းများ

May 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ စာသင်ဝိုင်းသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ Drum Seeder များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မေလ ၁၅ ရက်နေ့၊မွန်းလွဲ ၁ နာရီခွဲအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ မိနစ် (၃၀) အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် အဖွဲ့သည် ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က ပုသိမ်-မုံရွာကားလမ်းသို့ ရောက်ရှိလာရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
May 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထာင်စုလူဦး​ရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
May 16,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၁၂ ရာစု၊ ပုဂံခေတ်၏တစ်ခုတည်းသောအဝတ်ပန်းချီကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
May 16,2024
စစ်ကိုင်တိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓဟူးနေ့) အထိမ်းအမှတ် ညောင်ရေသွန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
May 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများအား ဆက်လက် ထိန်းသိမ်းပြီး၊ မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ အမျိုးဘာသာသာသနာကို ထိန်း သိမ်းစောင့်ရှောက်တတ်စေရန်နှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ နှင့်ကျောင်းသူ၊ ကျောင်းသားများ အစဉ်အလာများကိုထိန်းသိမ်းစောင့်ရှောက်နိုင်မည့် ဗလငါးတန် နှင့် ပြည့်စုံသော နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံတော်မှ အားထားရသော လူငယ်၊လူရွယ်များ ဖြစ်လာ စေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းသာသနာရေးမှူး ဦးဆန်းထွန်းအောင်နှင့်တာဝန်ရှိသူများ ယဉ်ကျေးလိမ္မာသင်တန်းများကို ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
May 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ယ‌‌နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။