ချောက်မြို့၌ စူဠဘွဲ့နှင်းသဘင်နှင့် ပထမပြန်စာမေးပွဲအတွက် ရန်ပုံငွေကျပ်သိန်း (၁၄၀) လှူဒါန်း

ချောက် မေ ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ စူဠဘွဲ့နှင်းသဘင်၊ ပထမပြန်စာမေးပွဲနှင့် သံဃာတော်များ အထွေထွေအသုံးပြုရန်အတွက် ရန်ပုံငွေကျပ်သိန်း (၁၄၀) လှူဒါန်းပွဲကို  မေလ၁၄ ရက်၊ ညနေ၄နာရီခွဲအချိန်က စလင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အဆိုပါစူဠဘွဲ့နှင်းသဘင် ပထမပြန်စာမေးပွဲနှင့် သံဃာတော်များ အထွေထွေအသုံးပြုရန် အတွက်ရန်ပုံငွေများကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဥူးကေသဝထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး နှင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊မြို့နယ်သာသနာရေးမှူးတို့မှ ပေးအပ်လှူဒါန်းခဲ့ကြသည်။

စူဠဘွဲ့နှင်းသဘင်နှင့် ပထမပြန်စာမေးပွဲအတွက် ရန်ပုံငွေလှူဒါန်းရာတွင် စူဠဘွဲ့နှင်းသဘင်နှင့် ပထမပြန်စာမေးပွဲ ကျင်းပရေးအတွက် သုံးစွဲရန် ရန်ပုံငွေကျပ်သိန်း (၇၀)၊ ဆရာတော်ကြီးများ နိုင်ငံတော်အဆင့်/ တိုင်းဒေသကြီးအဆင့်/ မြို့နယ်အဆင့် အစည်းအဝေးနှင့် အခမ်းအနားများသို့ ကြွရောက်ရာတွင် ဆွမ်းစရိတ်၊ ခရီးစရိတ်များ၊ ကျန်းမာရေးကဏ္ဍနှင့် အထွေထွေသုံးစွဲနိုင်ရန်အတွက် ရန်ပုံငွေကျပ်သိန်း(၇၀) စုစုပေါင်း ငွေကျပ်သိန်း (၁၄၀) လှူဒါန်းခဲ့ကြောင်းဖြစ် ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)