ရန်ကင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ရန်ကင်း မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲအား အ​ခြေခံပညာကျောင်းများ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ အဖွဲ့ဝင်(၁)  ဗိုလ်မှူး ကျော်ကျော်အဖွဲ့ဝင်(၂) ဦးမြင့်ဇော် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သီသီလတ်မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်လှလှထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် လဝကမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပညာရေးဝန်ထမ်းများက (၂၀၂၄-၂၀၂၅) ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်အား အ.ထ.က (၁)အ.ထ.က (၂)နှင့် လေ့ကျင့်ရေး အလယ်တန်း ကျောင်းရှေ့တို့တွင် ဆိုင်းဘုတ်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများအား မေလ (၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်

လှလှထွေး(ပြန်/ဆက်)