အမြို့မြို့အနယ်နယ်သတင်းများ

May 16,2024
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နွေရာသီ အဆင့်မြင့် အားကစားသင်တန်းကို ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘက်စကက်ဘော၊ ကြက်တောင်၊ ဂျူဒို၊ ကရာတေး အစရှိသော အားကစားနည်း(၇)နည်းဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ရာ ယမန်နေ့ နံနက် ၁၀ နာရီက စုပေါင်း သင်တန်းဆင်းပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
May 16,2024
ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ မျိုးဆက်သစ်များဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရန်၊ လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အခြေခံပညာကျောင်းအဆင့်မှစ၍ အထူးအလေးပေးဖော်ဆောင်စေရန်နှင့် ကင်းထောက်လူငယ်အဖွဲ့အစည်းများကို ‎အခြေခံပညာကျောင်းများတွင် စတင်ဖွဲ့စည်းလေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ သခင်ကိုယ်တော်မှိုင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူငယ်ရေးရာကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် မြို့နယ်အဆင့် လူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကလောခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ လူငယ်ကင်းထောက်မောင်၊ ကင်းထောက်မယ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
May 16,2024
မွန်ပြည်နယ်၊ မော်လမြို့င်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
May 16,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ပန်းရွှေဝါပန်းခြံ ထောင့်တွင် စိုက်ထူခဲ့သည်။
May 16,2024
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 16,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပူပြင်းလှသည့် အပူရှိန်ကြောင့် အပူဒဏ်အန္တရာယ်လျှော့ချနိုင်ရန် မေလ ၁၄ ရက်နေ့ ညနေ (၅) နာရီအချိန်က မြို့နယ်ပြည်သူဆေးရုံဝန်းအတွင်း မိုးခေါ်လွန်ဆွဲပွဲ ကျင်းပပြုလုပ်ခဲ့သည်။
May 16,2024
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာစီးပွားရေးတက္ကသိုလ် တွင် ၂၀၂၄-ခုနှစ် ဧပြီလ ၁ ရက်နေ့ခန့် ထားသော ဝန်ထမ်းသစ်များ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် အဆောင်(၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ ရေပေါ်လေးကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို မေလ ၁၄ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။